Opening Ceremony of the National Health Seminar: To Establish the Federal Health System (5 Sep 2022)

ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ၏ ဖွင့်ပွဲအခမ်းအနား (၅-၉-၂၀၂၂)

အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ အမျိုးသားကျန်းမာရေးကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health) တို့က ပူးတွဲဦးဆောင်ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို အောက်ပါခေါင်းစဉ် (Seminar Themes) ငါးခုဖြင့် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပါသည်-

၁) ကျန်းမာရေးမူဝါဒများ (Health policies) ၂) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် (Human resources for health) ၃) လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးလွှမ်းခြုံမှု (Universal health coverage – UHC) ၄) ကျန်းမာရေးစနစ်အတွင်း လက်ရှိစိန်ခေါ်မှုများ (Current challenges on health system) ၅) လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး (Occupational safety & health)

အလုပ်အမှုဆောင်အဖွဲ့ အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ

——————————————

Opening Ceremony of National Health Seminar: “To Establish the Federal Health System” (5th September, 2022) From 5th September to 9th September 2022 in Myanmar‚ National Health Committee (NHC), Ministry of Health of National Unity Government (MOH-NUG) and Joint Coordination Committee – Health (JCC – Health) will convene a National Health Seminar: “To Establish the Federal Health System”.

The National Health Seminar will be held under the following themes:

i) Health Policies ii) Human Resources for Health iii) Universal Health Coverage (UHC) iv) Current Challenges on Health System v) Occupational Safety & Health

Executive Team National Health Seminar Organizing Committee https://facebook.com/nhsmyanmar https://nhcmyanmar.org/nhsmyanmar/

Contact email: info@nhsmyanmar.com

  Published on: 5 September 2022
Last Updated: 5 September 2022