National Health Seminar: Opening address by H.E. Duwa Lashi La, Acting President, NUG, Myanmar (Video)(5-9-2022)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်း

ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနား (၅-၉-၂၀၂၂)

ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar: To Establish the Federal Health System) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကျန်းမာရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health)၊ အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee – NHC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမျိုးသားကျန်းမာရေးကောင်စီ (NHC) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို (၅-၉-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၁၂:၀၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဆိုင်ရာ ကဏ္ဍ (၅) ရပ်ဖြစ်သည့် (၁) ကျန်းမာရေးမူဝါဒများ (Health Policies) (၂) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် (Human Resources for Health) (၃) လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage) (၄) ကျန်းမာရေးစနစ်အတွင်းလက်ရှိစိန်ခေါ်မှုများ (Current Challenges on Health System) (၅) လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး (Occupational Safety and Health) တို့ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး (၅) ရက်တာ ကာလအတွင်း စာတမ်းစုစုပေါင်း (၂၁) စောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။

——————————————–

Opening address by H.E. Duwa Lashi La, the acting president of National Unity Government of Myanmar (NUG)

Opening Ceremony of National Health Seminar: “To Establish the Federal Health System” (5th September, 2022)

To celebrate the first anniversary of the National Health Committee – Myanmar (NHC), that was formed by the concerted effort of National Unity Consultative Council (NUCC), Joint Coordination Committee – Health (JCC – Health), National Health Committee (NHC) and Ministry of Health, National Unity Government of Myanmar (NUG), a National Health Seminar on establishing the Federal Health System was successfully held from 5th September 2022 to 9th September 2022. The opening ceremony was held on-line on 5th September 2022 at 12 mid-day.

Five health topics were discussed under the following headings: 1. Health Policies 2. Human Resources for Health 3. Universal Health Coverage (UHC) 4. Current Challenges on Health Systems 5. Occupational Safety and Health

Twenty-one papers were submitted and read during the five-day seminar.

https://facebook.com/nhsmyanmar

https://nhcmyanmar.org/nhsmyanmar/

Contact email: info@nhsmyanmar.com

NHC, Myanmar

Published on: 22 September 2022
Last Updated: 22 September 2022