ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတွင် သူနာပြုနှင့်သားဖွားလိုင်စင်နှင့် Good Standing Certificateများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရအသိအမှတ်ပြု သူနာပြုနှင့်သားဖွားလိုင်စင် နှင့် Good Standing Certificate များ လိုအပ်​နေသူများအ​နေဖြင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား‌​ကောင်စီတွင် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိ​ပေးကြေငြာအပ်ပါသည်။ လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များနှင့် ဖောင်ပုံစံများကို ဖော်ပြပါ Telegram Account @fnmcmyanmar မှတဆင့် ဆက်သွယ်‌​မေးမြန်းလျှောက်ထားနိုင်ပြီဖြစ်ပါသည်။

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ
Email – fnmc@fhpcmyanmar.org
Telegram Account – @fnmcmyanmar

Published on: 1 December 2022
Last Updated: 1 December 2022