အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ တွေ့ဆုံခြင်း

NHC news template

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်

ဇန်နဝါရီလ (၈) ရက်နေ့တွင် Myanmar Nursing and Midwifery Society, Chin Health Organization, Chindwin Medical and Humanitarian Network, Heart Land Union, Medical Family Mandalay နှင့် University of Medicine Magway Alumni အစရှိသည့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများက အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကျန်းမာရေးကော်မတီ (NHC) ၏ အတိုင်ပင်ခံ ဒေါက်တာစင်သီယာမောင်၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဥက္ကဋ္ဌ ပဒိုမန်းမန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဒေါက်တာဇော်ဝေစိုးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားကျန်းမာရေးကော်မတီ (NHC) အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမျိုးသားကျန်းမာရေးကော်မတီ (NHC) တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) မှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိများ၊ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။